လာလည်တဲ့သူငယ်ချင်းအားလုံးကိုအပန်းပြေနားထောင်စေချင်လို့ရေဒီယိုလေးထည့်ထားတာ ဘလော့ဖွင့်ရတာနှေးသွားရင်ပြောကြပါ ပြန်ဖြုတ်ပေးပါ့မယ် ကျွန်တော်တော့နည်းနည်းလေးသွားသလားလို့

Sunday, June 30, 2013

ဓာတ်ပုံနောက်မှာ ဖိုင်ဝှက်ပြီးပေးမယ်

ဒီလိုပုံဓာတ်ပုံရဲ့နောက်မှာ ကိုယ်ထည့်ပေးချင်တဲ့ဖိုင်(ဥပမာ-ကိုယ်ပြောချင်တဲ့စာလေးတွေရေးပြီး) ၀ှက်ထည့်ပေးမှာပါ။
 ဒီနည်းလေးကို www.mmithelper.com မှာပထမဆုံးဖတ်ရပါတယ်၊ အဲဒီမှာ မြန်မာလိုအရင်ရှင်းပြပြီး အဓိကကျတဲ့နေရာများမှာတော့ မူရင်းအင်္ဂလိပ်လိုပြထားပါတယ်၊ လေ့လာသူတွေကို ပိုမိုတိုးတက်စေချင်တဲ့ဆန္ဒကြောင့်ပါ၊ Ithelper ရဲ့ဆန္ဒအတိုင်းကျွန်တော်လည်း အင်္ဂလိပ်လို(မဖတ်တတ်၊ဖတ်တတ်) ဖတ်ရင်းနဲ့ www.marcofolio.net မှာလည်း ဒီနည်းကို တွေ့ခဲ့ရပါတယ်၊ ဒီနေ့ ကျွန်တော်မြန်မာလိုရှင်းပြတာကတော့ ကိုယ့်ဆရာကိုအာခံတာမဟုတ်ရပါဘူး၊ အချို့က အင်္ဂလိပ်စာကို ကောင်းကောင်းမဖတ်တတ်တော့ တော်တော်လေးအခက်တွေ့ပါတယ်၊ (ကျွန်တော်လိုလူများကိုပြောတာပါ) အင်္ဂလိပ်စာကျွမ်းကျင်တဲ့သူများကတော့ မြန်မာလိုဖတ်ပြီးရင်လည်း အင်္ဂလိပ်ဆိုဒ်များကိုပါ ၀င်ရောက်လေ့လာသင့်ကြောင်း အကြံပြုချင်ပါတယ်၊ လေရှည်နေတာနည်းနည်းများသွားတဲ့အတွက်ခွင့်လွှတ်ပေးပါ၊ အခုပဲစကြပါစို့။

●ပထမဆုံး ကိုယ်ပေးချင်တဲ့ဓာတ်ပုံတစ်ပုံကိုရွေးထားပါ
●ဒုတိယကိုယ်ဝှက်ပြီးထည့်ပေးချင်တဲ့ဖိုင်လေးကို rar ဖိုင်ပြောင်းပြီး အဲဒီပုံရှိတဲ့ဖိုဒါထဲမှာထားပါ(ဓာတ်ပုံနဲ့rar ဖိုင်လေးကအတူတူရှိရမှာပါ၊ rar ဖိုင်ပြောင်းဖို့အတွက်ကright click နှိပ်ပြီး Add to “filename.rar” ကိုနှိပ်ပါ။ filename ဆိုတာ မိမိဖိုင်ရဲ့နာမည်ကိုပြောတာပါ။)
●ကွန်မန့်ဘောက်ဖွင့်ပါ (window+R တွဲနှိပ်ပြီး cmd လို့ရိုက် Enter ခေါက်ပါ)အောက်ကပုံကိုကြည့်ပါ

ပြီးတော့ဓာတ်ပုံနဲ့ဖိုင်ရှိတဲ့ဆီကို သွားပါ။ ကျွန်တော်ကတော့ D: အထဲက folder ဆိုတဲ့အထဲမှာ ထည့်ထားပါတယ်၊ အဲဒါလေးနဲ့ရှင်းပြပါမယ်
◦◦ D: ကိုရောက်ဖို့အတွက်D: လို့ရိုက်ပါ။ အောက်ကပုံကိုကြည့်ပါ။ 

◦◦ပြီးတော့ ဖိုဒါဆီကိုသွားဖို့ cd folder လို့ရိုက်ပြီး Enter ခေါက်ပါ အောက်ကပုံကိုကြည့်ပါ။ folder ကိုရောက်သွားပါပြီ

●●အဓိကကျတာကိုရေးပါတော့မယ် copy /b 01.jpg + text.rar final.jpg လို့ရေးပါတယ်၊( 01 ဆိုတာဓာတ်ပုံရဲ့နာမည်ပါ၊ နောက်က .jpg ကတော့ဓာတ်ပုံရဲ့ဖိုင်အမျိုးအစားပါ၊ text ဆိုတာကတော့ ၀ှက်ထည့်မည့်ဖိုင်ရဲ့နာမည်ပါ၊ နောက်က .rar ကတော့ အဲဒီဖိုင်ရဲ့အမျိုးအစားပါ၊ ဒီသင်္ခန်းစာရဲ့ အဓိကဇာတ်ကောင်ပါ၊ .rar ပဲဖြစ်ရပါမယ်။)

Enter ခေါက်လိုက်ရင် အောက်ကပုံအတိုင်း ဖိုင်တစ်ဖိုင် copy ကူးပြီးကြောင်းကျလာပါလိမ့်မယ် စောစောက ဓာတ်ပုံထားတဲ့ဖိုဒါထဲမှာလည်း final ဆိုတဲ့ နာမည်နဲ့ပုံတစ်ပုံတိုးလာပါလိမ့်မယ်။

အားလုံးပြီးပါပြီ၊ မိမိပေးချင်တဲ့သူဆီကို အဲဒီပုံလေးပေးလို့ရပါပြီ၊ ရိုးရိုးဖွင့်ကြည့်ရင်တော့ ဓာတ်ပုံပဲမြင်ရမှာပါ၊ ၀ှက်ထားတဲ့စာလေးကို ဖတ်ချင်ရင်တော့ ပုံပေါ်ကို Right click နှိပ်- open with ထဲဝင် WinRar နဲ့ဖွင့်၊ ဒါဆိုရင်တော့ ၀ှက်ထားတဲ့စာလေးကိုတွေ့ရမှာပါ။
ကိုအောင်လေးရဲ့(အထွေထွေမှတ်စု) ဘလော့ကိုလာရောက်ဖတ်ရှုကြသောသူငယ်ချင်းအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ Facebook မှလည်းဖတ်ရှုနိုင်ပါတယ်၊ လိုချင်တဲ့ ဆော့ဝဲ၊ Ebook များရှိရင်လည်း ဘလော့က cbox နဲ့ www.facebook.com/koaung.lay.79  တို့မှာ ပြောနိုင်ပါတယ်ခင်ဗျာ၊ ကျွန်တော်ကိုယ်တိုင်က ဘာမှမတတ်ပေမယ့် မှတ်စုများစွာရှိပါကြောင်း




Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

ရောက်လာသူများနာဆင်စရာ

Recent Comments Widget