လာလည်တဲ့သူငယ်ချင်းအားလုံးကိုအပန်းပြေနားထောင်စေချင်လို့ရေဒီယိုလေးထည့်ထားတာ ဘလော့ဖွင့်ရတာနှေးသွားရင်ပြောကြပါ ပြန်ဖြုတ်ပေးပါ့မယ် ကျွန်တော်တော့နည်းနည်းလေးသွားသလားလို့

Saturday, June 15, 2013

အလွမ်းပြေစကားပြောရအောင်

နည်းပညာတွေကအရမ်းတိုးတက်လာသလို လူတော်တွေလည်း အရမ်းပေါလာတဲ့ခေတ်ကြီးပါ။ ကျွန်တော်တို့မြန်မာပြည်မှာကို ဆော့ဝဲရေးနိုင်တဲ့သူ ဟာ့ဝဲကျွမ်းကျင်သူတွေပေါလာပါပြီ။ အရမ်းအားကျ အတုယူဖို့ကောင်းပါတယ်။ ကျွန်တော့်ရင်ထဲကစကားတွေနဲ့လေရှည်သွားတာ တောင်းပန်ပါတယ်။ ဘာဖြစ်လို့လေရှည်ရသလဲဆိုတော့ အဲဒီလိုဆရာကြီးတွေကိုအားကျပြီး ကိုယ်တိုင်ဆော့ဝဲတစ်ပုဒ်ကိုမရေးနိုင်သေးခင် အခုသူများရေးထားတဲ့ ဆော့ဝဲ Apk လေးကို မြန်မာမှုပြုထားတာလေးတင်ချင်လို့ပါ။
Apk နာမည်လေးက Photospeak ဆိုတာလေးပါ ဒီကောင်လေးကို ကျွန်တော်က ကိုယ်ပွားလေးနဲ့စကားပြောရအောင် လို့နာမည်ပေးထားပါတယ်။ ကိုယ်ချစ်တဲ့သူရဲ့ပုံလေးနဲ့ သူရဲ့အသံလေးကို ဖမ်းထားပြီး တစ်ယောက်တည်းပျင်းတဲ့အချိန်၊ လွမ်းတဲ့အချိန်တွေမှာ ပုံလေးကိုစကားပြောခိုင်းလို့ရပါတယ်၊ အဲဒါကြောင့် ဒီနာမည်ကိုပေးလိုက်တာပါ။ ဘာသာပြန်တယ်ဆိုတာ အဓိပ္ပါယ်မလွဲပဲ နာလည်းလွယ်ဖို့ပဲအရေးကြီးတယ်လို့ထင်လို့၊ မြန်မာတွေအတွက်မို့မြန်မာဆန်ဆန်ပဲပြန်လိုက်တာပါ



အစမ်းသုံးကြည့်ချင်ရင်တော့ဒီအောက်

အိုင်ကွန်ပုံလေးပေါ်နှိပ်ပြီးယူလိုက်ပါနော်
စမ်းသုံးကြည့်ပါနော် ပြီးတော့ကျွန်တော့ ဘလော့ကိုလည်းလာလည်ကြပါဦး
အားလုံးကိုကျေးဇူးတင်ပါတယ်



1 comment:

  1. ကိုအောင်လေးရေ၊ ဒီ apk လေးကို စမ်းသုံးကြည့်ရအောင်လို့ ဒေါင်းသွားပါတယ်။ ရှေ့လျှောက်လည်း
    အဆင်ပြေပြီး အောင်မြင်တဲ့ ဘလော့ကာ တစ်ယောက်ဖြစ်နိုင်ပါစေ။ ဆက်လက် ကြိုးစားပါလို့
    အားပေးသွားမယ်နော်။ နေကောင်းကျန်းမာပါစေ။
    www.kogyikaunghtet.blogspot.com (နည်းပညာရပ်ဝန်းစုံ)

    ReplyDelete

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

ရောက်လာသူများနာဆင်စရာ

Recent Comments Widget