လာလည်တဲ့သူငယ်ချင်းအားလုံးကိုအပန်းပြေနားထောင်စေချင်လို့ရေဒီယိုလေးထည့်ထားတာ ဘလော့ဖွင့်ရတာနှေးသွားရင်ပြောကြပါ ပြန်ဖြုတ်ပေးပါ့မယ် ကျွန်တော်တော့နည်းနည်းလေးသွားသလားလို့

Monday, July 29, 2013

C8813-Root

VRoot-ဆိုတာာလောလောဆယ်မှာတော့ တရုတ်စက်တွေအတွက်အဆင်ပြေတယ်ဆိုတာနဲ့ ကျွန်တော် C8813 ကို Root-ဖောက်နေတာဗျာ၊ တော်တော်လေးကိုရွာလည်သွားတယ်၊ ဗားရှင်း 1.4.3 နဲ့ပေါ့၊ ဘယ်လိုမှမရဘူးဗျ၊ ဒါနဲ့လိုင်းပေါ်တက်ရှာလိုက်တော့ ရတယ်၊ အကုန်စမ်းပြီးပြီလို့ပြောလို့ကြည့်လိုက်တာ ဗားရှင်းက 1.4.0 ရယ်ဗျ၊ ဒေါင်းပြီးစမ်းကြည့်တာအဆင်ပြေတယ်ဗျာ၊ ဒါကြောင့် သူငယ်ချင်းတွေထဲက C8813 ကို ရုချင်တယ်ဆိုရင် ဗားရှင်းမြင့်တိုင်းမဟုတ်ဘူးလို့သိအောင်ဒီပို့ကိုရေးလိုက်တာဗျာ၊ ပြီးတော့ 1.4.0 ကိုလည်းတင်ပေးလိုက်ပါတယ်၊ လိုချင်ရင်တော့ ကိုယ့်လူတို့ အောက်မှာဒေါင်းလိုက်နော် >>>>>ဗားရှင်း-1.4.0 ဒေါင်းရန်<<<<<
ဗားရှင်းမြင့်တာမှလိုချင်တယ်ဆိုလည်းပြောခဲ့ပေါ့၊တင်လိုက်ပါ့မယ်၊ Root-နည်းလေးကိုနည်းနည်းလောက်ပြောမယ်နော်၊ ဖုန်း Setting-ထဲက-Developer Options ထဲဝင်၊ USB debugging-မှာ မှန်ခြစ်ပေး၊ Setting-ထဲကပဲ Secyrity ထဲက Unknown sources မှာလည်း မှန်ခြစ်ပေးပြီး ဖုန်းကိုကွန်ပျူတာနဲ့ချိပါ၊
ပြီးတော့ပုံမှာပြထားတဲ့အစိမ်းရောင်ခလုပ်လေးကိုနှိပ်ပြီးခဏစောင့်ပါ၊ Recovery mode-နဲ့တက်လာပါလိမ့်မယ်၊ စောင့်ပေးလိုက်ပါ၊  Reboot မနှိပ်ရင်ပိုကောင်းပါမယ်၊ သူ့ဘာသာ Reboot-ပြန်တက်လာတော့အဆင်ပြေပြီးရုရနေတာတွေ့ရပါမယ်၊ အားလုံးအဆင်ပြေပါစေ၊ ကျွန်တော့ကိုယ်တွေ့လေးတင်လိုက်တာပါ၊ ကျွမ်းကျင်လို့မဟုတ်ပါဘူး၊
အဆင်ပြေရင်လည်းနောက်လာလည်ပေါ့နော် အဆင်မပြေတော့လည်းကျွန်တော်မကြားအောင်တော့မပြောနဲ့ဗျာ ကြားအောင် (ကွန်မန့်နဲ့) ပြောသွား။ ဒါမှပြင်လို့ရမှာပါ-----အားလုံးအဆင်ပြေပြီးနည်းပညာများတိုးတက်ကြပါစေဗျာ www.facebook.com/koaung.lay.79 ကိုလည်းလာလည်နိုင်ပါတယ်

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

ရောက်လာသူများနာဆင်စရာ

Recent Comments Widget