လာလည်တဲ့သူငယ်ချင်းအားလုံးကိုအပန်းပြေနားထောင်စေချင်လို့ရေဒီယိုလေးထည့်ထားတာ ဘလော့ဖွင့်ရတာနှေးသွားရင်ပြောကြပါ ပြန်ဖြုတ်ပေးပါ့မယ် ကျွန်တော်တော့နည်းနည်းလေးသွားသလားလို့

Wednesday, July 3, 2013

ကဒ် Recover ဆော့ဝဲ

လူတိုင်းကအမှားနဲ့ကင်းဖို့မလွယ်လေတော့ ခဲဖျက်လိုဟာမျိုးလက်နက်တွေလိုသလို ဖျက်မိတာကိုပြန်ရယူဖို့ဆိုတာလည်း လိုကို လိုအပ်ပါတယ်၊ ဒီအတွက်
Recovery ဆော့ဝဲကအလွန်လိုအပ်မှာပါ။ Recovery ဆော့ဝဲတွေအများကြီးပါ၊ ဒီကောင်လေးက EASUES DataRecovery-V 3.3.4 ပါ၊ ဘယ်ကောင်ကအကောင်းဆုံးဆိုတာပြောဖို့မလွယ်ပါဘူး၊ ကိုကြိုက်ရာ၊ ကိုယ်သုံးဖူးရာကပိုအဆင်ပြေပါလိမ့်မယ်၊ ဒီကောင်လေးကတော့ မနေ့ကမှ ကျွန်တော်ကိုယ်တိုင်သုံးကြည့်ထားတာ၊ 8 GB ကဒ်ကို ဖောမတ်ချပြီးပြန်ယူကြည့်တာ ကဒ်ထဲကနေ ဓာတ်ပုံပေါင်း ၅၀၀ နီးပါးနဲ့ ဗွီဒီယိုဖိုင် ၂၀ ကျော်လောက်တော့ပြန်ရလိုက်ပါတယ်၊ အကုန်တော့ပြန်မရလိုက်ပါဘူး၊ ဘာပဲဖြစ်ဖြစ် လုံးဝပြန်မရတာနဲ့စာရင်တော့ အရေးကြီးဖိုင်လေးတွေပြန်ရတယ်ဆိုရင်ကိုပဲကျေနပ်စရာပါ၊ နောက်ထပ် Recovery ဆော့ဝဲတွေကိုလည်းစမ်းသတ်ပြီး အဆင်ပြေဆုံးတစ်ခုတွေ့ရင်တော့ သေချာညွှန်းပြီးတင်ပေးပါဦးမယ်၊ အော်မေ့နေတယ်၊ ဒီကောင်လေးက Fat ဖော်မတ်တွေအတွက်အဓိကဆိုပေမယ့် ကျန်တဲ့ဖော်မတ် ဒရိုက်တွေကိုပါရနိုင်ပါတယ်၊ စမ်းကြည့်ကြနော်---
အဆင်ပြေရင်လည်းနောက်လာလည်ပေါ့နော် အဆင်မပြေတော့လည်းကျွန်တော်မကြားအောင်တော့မပြောနဲ့ဗျာ ကြားအောင် (ကွန်မန့်နဲ့) ပြောသွား။ ဒါမှပြင်လို့ရမှာပါ----- အားလုံးအဆင်ပြေပြီးနည်းပညာများတိုးတက်ကြပါစေဗျာ www.facebook.com/koaung.lay.79 ကိုလည်းလာလည်နိုင်ပါတယ်

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

ရောက်လာသူများနာဆင်စရာ

Recent Comments Widget